လန်ဒန်မြို့ တော်ဝင်ခန်းမ၏မျက်နှာကြက်သည် အလွန်ခမ်းနားသည်။ ၎င်းကို ၁၆၂၉ ခုနှစ်မှ ၁၆၃၄ ခုနှစ်အတွင်း Sir Peter Paul Rubens (ဆာပီတာပေါလ်ရူဘင်စ်)မှ ရေးဆွဲခဲ့ပြီး၊ ပထမမြောက် ချားလ်စ်ဘုရင်က သူ့မိသားစုစိုးစံသည့် နန်းသက်ကို မှတ်တမ်းတင်ဂုဏ်ပြုရန် ရေးဆွဲခိုင်းခဲ့ခြင်းဖြစ်သည်။ ပန်းချီကား တစ်ခုတွင် Minerva(မီနာဗာ)နတ်ဘုရားမက ချားလ်စ်၏ဖခင် ပထမမြောက်ဂျိမ်းစ်ဘုရင်၏ အောင်မြင်မှုမှုများကို ချီးကျူးဂုဏ်ပြုသည့်ပုံ၊ နောက်ပန်းချီကားတစ်ခုတွင်မူ လင်းယုန်ငှက်၏တောင်ပံပေါ်၌ ဂျိမ်းစ်ဘုရင်ကို ကောင်းကင်ဘုံသို့ သယ်ဆောင်သွားပုံတို့ ပါဝင်သည်။ ခန်းမသို့ ရောက်လာသည့်ဧည့်သည်များသည် မျက်နှာကြက်ကို မော့ကြည့်လျက် ချားလ်စ်ဘုရင်နှင့် သူ့ဖခင်တို့သည် သွင်ပြင်အရ နတ်ဘုရားများကဲ့သို့ အလွန်မြင့်မြတ်ဟန်ရှိကြောင်း ရှင်းရှင်းလင်းလင်း သိမြင်လိုက်ရသည်။
ပရောဖက်ဟေရှာယခေတ်မှ ဗာဗုလုန်ဘုရင်သည်လည်း သူ့ကိုယ်သူ အလားတူခံစားခဲ့ရသည်။ သူသည် “ကောင်းကင်သို့တက်ကာ ဘုရားသခင်၏ကြယ်တို့အပေါ်မှာ နတ်ဘုရားတို့စိုးစံရာပလ္လင်” တည်လိုသည့်ဘုရင်ပါ(ဟေရှာ ၁၄:၁၃)။ ထိုဘုရင်အတွက် အမှတ်ရစရာ သင်္ချိုင်းဂူ မရှိဘဲ (:၁၈-၁၉) “မရဏာနိုင်ငံ၊…
အံ့သြစရာကောင်းလောက်အောင် အချက်အပြုတ်အလွန်တော်သော မက်ဂျ်(Madge)ဆိုသည့် အမျိုးသမီးနှင့် ကျွန်တော်အလုပ်တွဲလုပ်လေ့ရှိသည်။ တစ်နေ့တွင် သူမက “ကျွန်မရဲ့ ပဲနဲ့ဝက်ပေါင်ခြောက်စွပ်ပြုတ်ကို မြည်းကြည့်ပါလား”ဟုပြောသည်။ ကျွန်တော်က ပဲမကြိုက်ဟုပြောသောအခါ “ကျွန်မချက်တာကို သောက်ပြီးရင် ရှင်ကြိုက်သွားလိမ့်မယ်”ဟုသူမကပြုံး၍ပြန်ပြောသည်။ နောက်တစ်နေ့တွင် ကျွန်တော်အတွက် သီးသန့် စွပ်ပြုတ်တစ်ခွက် ချက်လာပေးသည်။
နှစ်ရက်အကြာတွင် “ကျွန်မရဲ့စွပ်ပြုတ်ကိုသောက်ကြည့်ပြီလား”ဟု မက်ဂျ် က မေးလာရာ၊ သူထပ်မမေးအောင် “ခဏနေရင် သောက်ပါမယ်”ဟု ကျွန်တော်ဖြေလိုက်သည်။ သို့သော် မနက်ဖြန် သဘက်ခါထိ သူမ မေးခဲ့ပြီး၊ စတုတ္ထနေ့တွင် “ကြာကြာမထားနဲ့နော်။ သိုးသွားလိမ့်မယ်”ဟု ပြောခဲ့သည်။
တစ်ပတ်ကြာပြီးနောက် မသောက်ရသေးသော မက်ဂျ်၏စွပ်ပြုတ်မှာ သိုးသွားသဖြင့် သွန်ပစ်လိုက်ရသည်။ ကျွန်တော့်အနားသို့သူလာသောအခါ ကျွန်တော်စိုးရွံ့ထိတ်လန့်သွားသည်။ သူမက “ကျွန်မရဲ့စွပ်ပြုတ်ကို မမြည်းကြည့်ဘူးမဟုတ်လား”ဟု မေးရာ၊ “မြည်းတာပေါ့။ အင်း ... အရသာကောင်းတယ်” ဟုကျွန်တော် ဖြေလိုက်သည်။
ဧဖက်အခန်းကြီး ၄ တွင် အပြောအဆိုနှင့်ပတ်သက်၍ အမျက်ထွက်ရာတွင်အပြစ်မရှိစေရန်…
အောက်ရှ်ဗစ်ထ်စ်(Auschwitz)နာဇီအကျဥ်းစခန်း၏ ကြောက်မက်ဖွယ်ရာများနောက်တွင် အဲလီဗီဇဲလ်(Elie Wiesel)၏ ယုံကြည်ခြင်း ပျောက်ဆုံးခဲ့သည်။ သူနှင့် အခြားသူများ ကြုံတွေ့ခဲ့ရသောဆိုးယုတ်မှုကို ပြန်တွေးရင်း “ကြင်နာတဲ့ဘုရား၊ ကိုယ်တော်ဘယ်မှာလဲ။ ကလေးဘဝက လူတွေဆီကနေ အများကြီး မမျှော်လင့်ခဲ့ပေမယ့် ကိုယ်တော်ဆီက အရာရာကို မျှော်လင့်ခဲ့တယ်”ဟု မေးနေခဲ့သည်။
သို့သော်၊ သူ၏ယုံကြည်ခြင်း မပျောက်ဆုံးကြောင်း နောက်ပိုင်းတွင် ဗီဇဲလ် သိရှိခဲ့သည်။ သူက “ကျွန်တော် ဘုရားသခင်ကိုယုံကြည်လို့ သူ့ကိုစိတ်ဆိုးတာလေ။ အခုထိ စိတ်ဆိုးတုန်း"ဟု သတင်းထောက်တစ်ဦးကို သူပြောခဲ့သည်။ တစ်စုံတစ်ဦး တည်ရှိကြောင်း သင်မယုံပါက ထိုသူကို စိတ်ဆိုးစရာ အကြောင်းမရှိပါ။
ဘုရားသခင်အပေါ်ဒေါသဖြစ်ခြင်းကို ဖော်ပြလျှင် ကျွန်ုပ်တို့စိတ်မသက်မသာခံစားရနိုင်သော်လည်း ကျမ်းစာထဲမှ ဇာတ်ကောင်များက ဖော်ပြခဲ့ကြသည်။ “အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူ...ပြီ”(၂၀:၇) ဟု ပရောဖက်ယေရမိ ဟစ်အော်ခဲ့သည်။ ဒါဝိဒ်က “အိုထာဝရဘုရား၊ အကျွန်ုပ်ကို ... အဘယ်မျှကာလပတ်လုံး မေ့လျော့တော်မူမည်နည်း”(ဆာ ၁၃:၁)ဟုရေးခဲ့သည်။ ယောဘက…
အင်္ဂလန်နိုင်ငံ ဘရိုက်တန်မြို့ရှိ လာဗန်ဒါလမ်းအတိုင်း အမ်မလီ ကန်ဝါ့ဒ် လျှောက်လာသည်။ သူသည် မကြာမီကမှ သခင်ယေရှုကို ယုံကြည်သူအဖြစ် ပြောင်းလဲလာပြီး၊ ယခု ထိုလမ်းကို မြင်သည့်အမြင်က ကွဲပြားနေသည်။ နေ့ခင်းဘက်တွင် ကန့်လန့်ကာ ချထားသော အိမ်မည်မျှရှိသည်၊ ထိုပတ်ဝန်းကျင်၌ သက်ကြွယ်လူကြီး အများပြားရှိနေသော်လည်း အိုမင်းမစွမ်းသူများ မည်မျှရှိသည်ကို သူမ သတိပြုမိသည်။ သို့နှင့် သူအကြံတစ်ခုရခဲ့သည်။
သူမသည် ဘရိုက်တန်မြို့ရှိ သက်ကြီးရွယ်အိုများ၏ နေရပ်လိပ်စာများကို စုံစမ်းပြီး၊ သူတို့ကို နေ့လည်ခင်းလက်ဖက်ရည်ပွဲသို့ ဖိတ်ခေါ်ခဲ့သည်။ ရောက်လာသူများက ယခုတွင် တစ်ဦးတည်းနေပြီး၊ လအတော်ကြာကြာ မည်သူနှင့်မျှ မတွေ့ဘဲ နေနေကြကြောင်း ပြောသည့်အချက်က တူညီကြသည်။ မည်သည်ကို သူတို့တောင့်တသနည်း။ အလည်လာမည့်သူကို တောင့်တကြသတည်း။
သခင်ယေရှုကို ယုံကြည်ခြင်းက ကမ္ဘာကြီးနှင့် ၎င်း၏လိုအပ်ချက်များအပေါ် ကျွန်ုပ်တို့၏တုံ့ပြန်ပုံကို ပြောင်းလဲစေသည်။ သက်သာလောနိတ်မြို့သားများ သည် ဘုရားသခင်ထံသို့ ပြောင်းလဲပြီးနောက် ၎င်းတို့၏ပြောင်းလဲသောအသက်တာက…
လွန်ခဲ့သောနှစ်အတန်ကြာက အနုပညာရှင် Michael Landy(မိုက်ကယ်လန်ဒီ)သည် သူပိုင်သောပစ္စည်းအားလုံးကို စာရင်းပြုစုရာတွင် ပစ္စည်းပေါင်း ၇,၂၂၇ ခု ရှိကြောင်း တွေ့ရှိခဲ့သည်။ ထို့နောက် သူလုပ်ခဲ့သည့်အရာက အံ့ဩစရာပါ။ လန်ဒန်မြို့၏ အစည်ကားဆုံးဈေးဝယ်ဧရိယာတွင် စက်ရုံတစ်ခုတည်ပြီး၊ လူအများရှေ့၌ သူပိုင်ဆိုင်သည့် အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ အဝတ်အစား၊ အနုပညာလက်ရာများ၊ ချစ်ရေးချစ်ရာစာများနှင့် သူ၏ကားကိုပင် ချိုးဖျက်ကာ ကြိတ်စက်ထဲ ပစ်ထည့်ခဲ့သည်။ အနီးအနားရှိ ကုန်တိုက်နှင့်ဆိုင်များ၌ စျေးဝယ်သူများ ဝင်ထွက်သွားလာနေချိန်တွင် လန်ဒီက “မိမိ၏ပိုင်ဆိုင်မှုများမရှိဘဲ ကျွန်ုပ်တို့သည် မည်သူများဖြစ်ကြသနည်း”ဟုမေးပြီး၊ ဖျော်ဖြေမှုများ တင်ဆက်ခဲ့သည်။
ဤမေးခွန်းသည် အရေးကြီးသည်။ အကြောင်းမှာ ကျွန်ုပ်တို့အများစုသည် မိမိကိုယ်ကို အဓိပ္ပာယ်ဖွင့်ဆိုရန် (သို့) မိမိတို့၏အနာဂတ်ကို လုံခြုံစေရန် ပစ္စည်းများကို ဝယ်ယူကြသောကြောင့် ဖြစ်သည်။ စည်းစိမ်များကို သိုလှောင်၍ ပစ္စည်းဝယ်သူတို့၏ပုံစံအတိုင်း အသက်ရှင်သူတစ်ဦးကို ဥပမာပေး၍ သခင်ယေရှု မိန့်ကြားရာ၊ ထိုသူသည် သူ့ကိုယ်ကိုယ် “အချင်းဝိညာဉ်၊…
ကျွန်ုပ်တို့အတွင်း၌ အနန္တဘုရားသခင်သာလျှင် ဖြည့်စွမ်းနိုင်သော “အဆုံးမရှိသော ချောက်ကြီး” ရှိကြောင်းပြောခဲ့သည့် Blaise Pascal(ဘလိတ်စ်ပါစ်ကယ်)၏ စကားက ကျော်ကြားသည်။ “အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ကိုယ်တော်အတွက် ဖန်ဆင်းတော်မူပြီ၊၊ အကျွန်ုပ်တို့ စိတ်နှလုံးသည် ကိုယ်တော်၌ မတည်မီတိုင်အောင် မငြိမ်သက်နိုင်ပါ”ဟု Augustine(သြဂတ်စတင်း)က ဆုတောင်းခဲ့သည်။ ဒါဝိဒ်ကလည်း “ရေမရှိ၊ သွေ့ခြောက်သောလွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏”ဟု ဆိုသည်(ဆာ ၆၃:၁)။
သို့သော် အံ့သြစရာမှာ၊ လူသားများသာ တောင့်တမှုကို ခံစားရသည် မဟုတ်ပါ။ ဘုရားသခင်လည်း ခံစားရသည်။ စကြဝဠာကို အစိုးပိုင်သော အနန္တ ဘုရားသခင်သည် မည်သည့်အရာမျှ မလိုအပ်သော်လည်း၊ ကျွန်ုပ်တို့ လမ်းလွဲသောအခါ ကျွန်ုပ်တို့အား ပြန်လာစေလိုပြီး(ယာ ၄:၄-၅)၊ သူ၏လူများဟု သူခေါ်နိုင်သည့် လူများကို အလိုရှိကြောင်း အထပ်ထပ် ပြောထားသည် (ထွ ၆:၇၊ ဟေဗြဲ ၈:၁၀)။…
တစ်နေ့သောနေ့လည်ခင်း၊ ကော်ဖီဆိုင်တစ်ခုတွင် ကျွန်တော့်ကပ်လျက်စားပွဲမှ လမ်းလျှောက်တတ်ခါစ ကလေးငယ်တစ်ဦးနှင့် သူမ၏မိဘများကို သတိထားမိ သည်။ မိဘများက သူတို့၏သူငယ်ချင်းများနှင့် စကားပြောနေစဉ်၊ ခိုတစ်ကောင်သည် ကြမ်းပြင်မှပေါင်မုန့်အပိုင်းစများကို စတင်ကိုက်နေသည်။ ထိုမြင်ကွင်းကို အံ့သြမှ အပြည့်ဖြင့် ကလေးမလေးက ဝမ်းသာအားရအော်ဟစ်ပြီး လူကြီးများ၏ အာရုံစိုက်မှုကိုရရှိရန် ကြိုးစားခဲ့သည်။ သို့သော် သူမမြင်သည့်အရာကို သူတို့လုံးဝမမြင်ဘဲ၊ သူမကို ပြုံးပြပြီး စကားသာဆက်ပြောခဲ့ကြသည်။
သခင်ယေရှုသည် တပည့်တော်များအား သာသနာပြုလုပ်ငန်းအတွက်စေလွှတ်ခဲ့ရာ၊ အလွန်အောင်မြင်ခဲ့သောကြောင့် (လု ၁၀:၁၇)၊ “ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဘော်ပြတော်မူသည်ဖြစ်၍” (:၂၁)၊ “အဘကို အကျွန်ုပ်ချီးမွမ်းပါ၏”ဟု သခင်ယေရှု ဆုတောင်းခဲ့သည်။ ဤနေရာတွင် “သူငယ်” ဆိုသည်မှာ အသက်အရွယ်ကိုမဆိုဘဲ အဆင့်အတန်းကို ရည်ညွှန်းခြင်းဖြစ်သည်။ “ဖာရိရှဲနှင့် ကျမ်းတတ်တို့”သည် ဧဝံဂေလိတရားကို လျစ်လျူရှုကြချိန်တွင်(၇:၂၉-၃၄)၊ “အခွန်ခံသူမှစ၍ လူအပေါင်း”တို့သည် နှိမ့်ချစွာဖြင့် ဧဝံဂေလိတရားကို…
လန်ဒန်မြို့တွင် ကျင်းပသောပါတီပွဲတစ်ခု၌ အဖေနှင့်အမေတို့ ပထမဆုံး အကြည့်ချင်း ဆုံခဲ့သည်။ ထို့နောက် အမေနှင့်တွေ့ရရန် အဖေသည် ဖိတ်ကြားမခံရဘဲနှင့် ဒုတိယအကြိမ်ပါတီပွဲသို့သွားခဲ့သည်။ တတိယအကြိမ်တွင်မူ သူက ပါတီပွဲကိုစီစဉ်ခဲ့သည်။ နောက်ဆုံးတွင် အမေ့ကို ကျေးလက်ဒေသသို့ လည်ပတ်ရန် ဖိတ်ခေါ်ကာ၊ သူတန်ဖိုးထားမြတ်နိုးသည့် ရိုဗာဆီဒင်ကားဟောင်းဖြင့် သူမအား သွားကြိုခဲ့သည်။
အဖေနှင့်အမေသည် ချစ်သူများဖြစ်ခဲ့ကြသော်လည်း ပြဿနာမှာ အမေသည် သာသနာပြုရန် ပီရူးနိုင်ငံသို့ ပြောင်းရွှေ့တော့မည်ဖြစ်သည်။ အဖေသည် သူမကို လေဆိပ်သို့ လိုက်ပို့ပေးပြီး၊ နောက် ၅ လအကြာတွင် သူကိုယ်တိုင် ပီရူးနိုင်ငံသို့ လိုက်သွားပြီး အမေ့အား လက်ထပ်ခွင့်တောင်းခဲ့သည်။ ဇာတ်လမ်း၏ အကောင်းဆုံး အပိုင်းမှာ လေယာဉ်လက်မှတ်ဝယ်ရန် အဖေသည် သူအလွန်မြတ်နိုးသော ရိုဗာကားကို ရောင်းလိုက်ရသည်။
မာသနှင့် လာဇရုတို့၏ညီမ မာရိ၏တန်ဖိုးအထားဆုံးအရာကို မေးခဲ့လျှင်၊ “အဘိုးများစွာထိုက်သောနာဒုဆီမွှေး”ဖြစ်ကြောင်း သူမပြသလိမ့်မည် (ယော ၁၂ :၃)။ သခင်ယေရှုအတွက်…
ဂန္တဝင်ရုပ်ရှင် Citizen Kane တွင်၊ ချားလ်စ်ဖော့စတာကိန်း(Charles Foster Kane) သည် အင်အားကြီးသော သတင်းစာလုပ်ငန်းကို တည်ဆောက်ခြင်းဖြင့် ချမ်းသာကြွယ်ဝမှုနှင့် အာဏာကို စုဆောင်းခဲ့သည်။ ကိန်းသည် အနုပညာလက်ရာများအပြည့်ဖြင့် လှပခမ်းနားသောဥယျာဉ်များပါရှိသည့် ရဲတိုက်တစ်ခု တည်ဆောက်လျက် မိမိစိတ်ရွှင်လန်းစရာ တစ်စုံတစ်ခုကိုမျှ မပယ်ခြင်းက ဒေသနာကျမ်း ၂:၄-၁၁ မှ ပုံပြင်ကို ပြန်အမှတ်ရစေသည်။
အခြားသူဌေးကြီးများကဲ့သို့ပင် ကိန်းအမှန်တကယ်လိုချင်သောအရာမှာ ချီးမြှောက်ခြင်းပင်ဖြစ်သည်။ သူ့ကိုယ်ပိုင် နိုင်ငံရေးလမ်းကြောင်းအတွက် ငွေကြေး စိုက်ထုတ်ရင်းနှီးခဲ့ပြီး၊ မအောင်မြင်သောအခါ ကဲ့ရဲ့မခံရအောင် မဲဆန္ဒရှင်များ၏ “လိမ်လည်မှု”ဟု အပြစ်တင်သည်။ သူ့ဇနီးသည်အတွက် အော်ပရာ ဇာတ်ရုံ ဆောက်ပေးပြီး၊ သူမနှင့် မကိုက်ညီသော အဆိုတော်အလုပ်ကို အတင်းအကြပ်လုပ်စေကာ သူ့အပေါ် လူထုမှအကောင်းမြင်ရန် ပြုလုပ်ခဲ့သည်။ ဒေသနာကျမ်းမှ ချမ်းသာကြွယ်ဝမှုနောက်လိုက်သူတို့အား ထိုကြွယ်ဝမှုက ဘေးဒုက္ခ ရောက်စေပြီး(၅:၁၀-၁၅)၊ သူတို့၏နေ့ရက်ကာလကို “မှောင်မိုက်၌ လွန်စေ(လျက်)၊ များစွာသော နှောင့်ယှက်ခြင်း၊…
ရစ်ချက်ဂရစ်ဖင်(Richard Griffin)သည် ဒုတိယမြောက် ဘုရင်မကြီးအဲလိဇဘက် (Queen Elizabeth II)၏ ကိုယ်ရေးရဲအရာရှိအဖြစ် (၁၄)နှစ်တာမျှ ထမ်းဆောင်ခဲ့သည်။ တစ်နေ့တွင် ဘာမိုရာ(Balmoral)ရဲတိုက်အနီးရှိ တောင်ကုန်းပေါ်သို့ ပျော်ပွဲစားထွက်သည့် ဘုရင်မကြီးအား အဖော်ပြုလိုက်ပါပေးစဥ် အမေရိကန်နိုင်ငံသား ခြေလျင်ခရီးသွားနှစ်ဦးနှင့် တွေ့ဆုံခဲ့ကြသည်။ ထိုသူနှစ်ဦးက သာမန်အရပ်သားဝတ်စုံဝတ်ဆင်ထားသော သက်ဦးဆံပိုင်ဘုရင်မကြီးကို မသိဘဲ “ဘုရင်မကြီးကို တွေ့ဖူးသလား”ဟုမေးရာ၊ ဘုရင်မကြီးက အရွှန်းဖောက်လျက် “ကျွန်မတော့ မတွေ့ဘူးပါဘူး။ ဒါပေမယ့် ဟောဒီရစ်ချတ်ကတော့ သူမကို အမြဲတွေ့နေကြပါ”ဟု ပြန်ဖြေခဲ့သည်။ ထိုသူနှစ်ဦးမှာ မင်းဧကရာဇ်နှင့် နီးစပ်စွာ နေရသူတစ်ဦးကို တွေ့ရ၍ အလွန်စိတ်လှုပ်ရှားကာ၊ ဘုရင်မကြီးအား ကင်မရာပေးပြီး၊ ရစ်ချက်ဘေးတွင် ဟန်ပန်အပြည့်ဖြင့်ရပ်လျက် “ဓါတ်ပုံတစ်ပုံလောက်ရိုက်ပေးပါ”ဟု ဆိုလိုက်သည်။
ထိုသို့ အရေးကြီးပုဂ္ဂိုလ်တစ်ဦးကို ရှေ့မှာထားပြီး မသိခြင်းသည် ပထမဆုံး အကြိမ်မဟုတ်ပါ။ ယာကုပ်သည် ဗေသေလအရပ်တွင် အိပ်မက်ထဲ၌ ထာဝရဘုရားနှင့် တွေ့ဆုံပြီးနောက် “အိပ်ပျော်ရာမှ နိုးလျှင်၊ အကယ်စင်စစ် ထာဝရဘုရားသည်…